အမြို့မြို့အနယ်နယ်သတင်းများ

Mar 01,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ရတနာတော်ဝင်းထွန်းကုမ္ပဏီမှ စီစဥ်ကျင်းပသော လူသုံးကုန်ပစ္စည်းပြပွဲနှင့် ဆယ့်နှစ်ပွဲစျေးသည်များ စုပေါင်းစျေးရောင်းပွဲတော်ကို ယမန်နေ့နံနက်ပိုင်းက စတင်၍ အမှတ်(၃) ရပ်ကွက်၊ မြို့ပတ်လမ်း၊ ဆုတောင်းပြည့်ဘုရားကွင်း၌ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Mar 01,2024
ပြည်သူများအနေဖြင့် နေ့စဉ်စားသုံးနေသည့် အစားအသောက်များအား ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးဆီ၊ ရောစပ်ဆီများ ရောင်းချမှုမရှိစေရေး၊ စားသုံးသူများ၏ လိုအပ်ချက်များနှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ  မြို့မစျေးနှင့် ချယ်ရီဈေးများသို့ သွားရောက်၍ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ဗျောက်ရိုးကျေးရွာအုပ်စု၊ ဗျောက်ရိုးကျေးရွာလမ်းအား ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ရာသီမရွေးသွာလာနိုင်သော ဂဝံလမ်းအား ယနေ့နံနက် ၇ နာရီမိနစ် ၃၀ အချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
Mar 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 01,2024
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ ဆီထွက်သီးနှံနေကြာ ပိုမိုတိုးချဲ့စိုက်ပျိုး၍ ဒေသတွင်းစာသုံးဆီဖူလုံရန်နှင့် သီးနှံများအောင်မြင်ဖြစ်ထွန်း ဝင်ငွေတိုးစေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီထွက်သီးနှံ (နေကြာ) စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ (၁၁) ရွာရှိတောင်သူများအား သွင်းအားစုပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည်။
Mar 01,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ ကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းကို ယနေ့နံနက်ပိုင်း ၇ နာရီခွဲက မြို့နယ်နမ့်ယွမ်းဂေါက်ကွင်း၌ စတင်ဖွင့်လှစ် လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အမှတ် (၁၄) ရပ်ကွက်၊ ကံဘဲ့လမ်းရှိ DKSH ကုမ္မဏီ၀န်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးငှာနမှ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ရှေးဦးမီးငြိမ်းသတ်ရေး လေ့ကျင့်ပေးခြင်းတို့ကို ယနေ့နေ့လယ် (၁၂:၀၀) အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။