Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာသူ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်
Mar 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ယာယီနေရပ်စွန့်ခွာသူ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ ရပ်ကွက်နှင့် ကျေးရွာပြည်သူများအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 01,2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းကို ပြည်သူများ အမှန်တကယ်သိရှိစေရန်၊ ဆိုရှယ်မီဒီယာများ၌ လုပ်ကြံရေးသား ဖော်ပြလျက်ရှိသော သတင်းတု၊ သတင်းမှားများ အန္တရာယ်ကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရန်နှင့် သတင်းအမှန်များကို သိရှိပြီး အမှား၊ အမှန်ဝေဖန်ပိုင်းခြားနိုင်စေရန်နှင့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ရပ်/ကျေးအစည်းအဝေး၌ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များအား စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဝေငှခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးပစ္စည်းနှင့်ဆေးဝါးမျိုးစုံအရောင်းဆိုင်များအား ဆေးဝါးပြတ်တောက်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေး လိုက်လံစစ်ဆေး
Mar 01,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးဝါးပြတ်တောက်မှုမရှိစေရေးနှင့် ဈေးနှုန်းမှန်ကန်ရေးတို့အတွက် လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်…
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေး က…
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများ လကုန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပကြသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပ…
Mar 01,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြည်အေးခန်းမ၌ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့ ချင်းတွင်းမြစ်အတွင်း ရေဆင်းကူးသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား
Mar 01,2024
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ မုံရွာတောင်ရပ်ကွက်ရှိ (Ocean Supermarket) အနီး ဇာတ်ဆိပ် ချင်းတွင်းမြစ်အတွင်း ကျား(၁)ဦး ယမန်နေ့ မွန်းတည့် (၁၂) နာရီခွဲက ရေဆင်းကူးရာမှ ပျောက်ဆုံးမှုဖြစ်ပွား၍ သတင်းအရ တာဝန်ရှိသူများနှင့် ပြည်သူများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9546
Page
9547
Page
9548
Page
9549
Current page
9550
Page
9551
Page
9552
Page
9553
Page
9554
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department