အလုံ မတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက မြို့နယ်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကိစ္စများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ပြီး မြို့နယ်အတွင်းလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းတာ၀န်ပေးအပ်ထားရှိမှုအခြေအနေနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
တင်တင်ချို (ပြန်/ဆက်)