Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုးညှင်းမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် သက်တမ်းရင့် ညောင်ပင်ကြီးအမြစ်မှလှန်လဲကျ၍ စာကြည့်တိုက်ကျောင်းဆောင်ပျက်စီးမှုဖြစ်ပွား
May 17,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မေလ (၁၆) ရက် နေ့လည် (၁၂) နာရီ (၄၅) မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် မြို့မရပ်ကွက် ဥတ္တရာရာမဘုန်းကြီးကျောင်းဝင်းအတွင်းရှိ စာကြည့်တိုက်ကျောင်းဆောင်ပေါ်သို့သက်တမ်းရင့် ညောင်ပင်ကြီးအမြစ်မှလှန်လဲကျ၍ ကျောင်းဆောင်ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
May 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ စာရေးများ၏ လဝက်လုပ်ငန်းညှိနှိုင်းအစည်းအဝေ…
May 17,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်ပိုင်းက မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် အသုံးပြုရန် မော်တော်ယာဉ်တစ်စီးလှူဒါန်း
May 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့်မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ (၅၃) ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများအား သောက်သုံးရေလှူဒါန်း
May 17,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် ၄ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်သူ့အကျိုးပြုလုပ်ငန်းများအနေဖြင့် ယနေ့နံနက်ပိုင်း၌ ကျောက်ကြီးကျေးရွာ၌ ပြည်သူများသောက်သုံးရေရရှိသုံးစွဲနိုင်စေရန်ရည်ရွယ်၍ နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအိမ်တွင်းမှုပညာ အာလူးနနွင်းမကင်းမုန့်ပြုလုပ်နည်းသင်တန်းဖွင့်လှစ်
May 17,2024
နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ပြည်သူများ အသိပညာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တစ်ပိုင်တစ်နိုင်စီးပွားဖြစ် ထုတ်လုပ်ရောင်းချတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် လူငယ်အသက်မွေးဝမ်းကျောင်းပညာ မုန့်မျိုးစုံလုပ်နည်းသင်တန်းကို ပြုလုပ်လျက်ရှိရာ အားလူးနနွင်းမကင်းမုန့် ပြုလုပ်နည်းသင်တန်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်လူငယ်ရေးရာကော်မတီ၊ ခရိုင်လူမှုဝန်ထမ်းရုံးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါလူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲ ကျင်းပ
May 17,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအဆင့်ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၂၆လမ်း၊ ကျုံးထောင့်တွင် ယနေ့နံနက်၆နာရီခွဲက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ နဒီလမ်းနှင့် ကံ့ကော်လမ်းဘေးအုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု
May 17,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လမ်း၊ တံတား၊ ရေမြောင်းလုပ်ငန်းများဖြစ်သည့် နဒီလမ်းနှင့် ကံ့ကော်လမ်းဘေးရှိ အုတ်ရေမြောင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4857
Page
4858
Page
4859
Page
4860
Current page
4861
Page
4862
Page
4863
Page
4864
Page
4865
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department