သံတောင်ကြီးမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ် စာစောင်ပြသဆောင်ရွက်

သံတောင်ကြီး မေ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသခံ ပြည်သူများ၊ လူငယ်လူရွယ်များ လူကုန်ကူးမှုအန္တရာယ်ကို သိရှိစေရန်အတွက် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်း (၁၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် လူကုန်ကူးမှုသည် လူအချင်းချင်း ခေါင်းပုံဖြတ်ကြသည် လူကုန်ကူးမှုခံရသူများသည် စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရသည်၊  ကလေးများသည် ရောင်းကုန်များ မဟုတ်ပါ၊ လူကုန်ကူးမှုဆိုသည်မှာ - လူများ၏ လုပ်အား/ခန္ဓာကိုယ်အပေါ် ခေါင်းပုံဖြတ်ခြင်းဖြစ်သည်၊ သင်တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီ လူကုန်ကူးမှုခံရပါက တရုတ်ရဲ တပ်ဖွဲ့အရေးပေါ် ဖုန်းအမှတ် - ၁၁၀ သို့ ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါသည်။ လူကုန်ကူး မှုမှန်သမျှ ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ကြ စသည့် အကြောင်းအရာများကို ပြသခဲ့ရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

စောမင်းသား