နမ့်စန်မြို့တွင် ကင်းထောက်လူငယ် သင်တန်းသား၊ သင်တန်းသူများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာများ အသိပညာပေးဟောပြော

နမ့်စန်(တ) မေ ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း သရဖီခန်းမ၌ ဖွင့်လှစ်လျက်ရှိသော မြို့နယ်အဆင့် ကင်းထောက်သင်တန်းတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအန္တရာယ်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများ၊ ပလတ်စတစ်ဆိုးကျိုးများ၊ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး’’ စသည်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများက သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းခဲ့ကြသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ ကင်းထောက်သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)