အမြို့မြို့အနယ်နယ်သတင်းများ

May 17,2024
ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ညောင်ဦးမြို့နယ် စစ်တုရင်ဆပ်ကော်မတီတို့ပူးပေါင်း၍  နွေရာသီစစ်တုရင်သင်တန်းဆင်းပွဲအထိမ်းအမှတ်၊ လူသစ်တန်းစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ညောင်ဦးခရိုင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။
May 17,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် မိုးဦးကျကာလ၌ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်၍ တိုက်နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက လိပ်သိုမြို့ပေါ်ရှိ ဘာသာရေးဆိုင်ရာအဆောက်အဦးများသို့ သွားရောက်ကာ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
May 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား(MSME)အသင်း ပူးပေါင်း၍ အမျိုးသား၊ အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေခဲမုန့်နှင့် ပေါင်မုန့်၊ ကိတ်မုန့်(Bakery)အမျိုးမျိုးပြုလုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community  Centre)ခန်းမတွင် ကျင်းပခဲ့သည်။
May 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ကျောင်းသား/သူလူငယ်များ ကျောင်းစာအပြင် ပြင်ပအသိပညာ ဗဟုသုတများတိုးပွားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့သိုင်းပညာသင်တန်းကို မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မေလ ၁၃ရက်မှ စတင်ဖွင့်လှစ်ပေးခဲ့ရာ ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ့သိုင်းပညာသင်တန်း သင်တန်းဆင်းပွဲ အခမ်း အနားကို ကျင်းပခဲ့သည်။
May 17,2024
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်းသုံးထပ်ကျောင်းဆောင်သစ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်အကောင်အထည်ဖော် ဆောက်လုပ်ခဲ့ရာ (၁၀၀) ရာခိုင်နှုန်း ရာနှုန်းပြည့်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။
May 17,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူများ နွေရာသီအားလပ်ရက်များတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန်ရည်ရွယ်ချက်ဖြင့် “သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ” ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 17,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။
May 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ဆိုရှယ်မီဒီယာပေါ် သတိပြုစရာသတင်းတု၊ သတင်းမှားများအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် နယ်လှည့် ဟောပြောခြင်းကို ယမန်‌နေ့ နေ့လယ်ပိုင်းအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။