မိုင်းရှူး မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် စွမ်းအားမြှင့်မီးဖိုများသုံးစွဲခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲနှင့် မီးဖိုထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မိုင်းရှူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်က အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီဆန်းဝင်းက စွမ်းအားမြှင့်မီးဖိုထောက်ပံ့ပေးအပ်ရခြင်းနှင့်စပ်လျဥ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိများက မီးဖိုအလုံးရေ (၂၅၀၀) လုံးကို ကျေးရွာနေပြည်သူများကိုယ်စား သက်ဆိုင်ရာ ကျေးရွာအုပ်စု (၁၃) အုပ်စုမှ အုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်စု (၁၃) အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)