ချမ်းအေးသာစံမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေး

ချမ်း‌အေးသာစံ မေ ၁၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများထံသို့ အခြေခံစားသောက်ကုန်များအား သက်သာသော နှုန်းထားများဖြင့် ယမန်နေ့နံနက် ()နာရီက ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက် ၅၅၀၊ ၃၄ လမ်း၊ ၈၅×၈၆ လမ်းကြားတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အ‌ခြေခံစားသောက်ကုန်များ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးရာသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေး  နှင့်သားသတ်ဌာန၊ ဌာနမှူး ဦးသက်နိုင် ဦးစီးဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက စားအုန်းဆီ တစ်ပိဿာလျှင် ၆၂၀၀ ကျပ် နှုန်းဖြင့် ပိဿာ ၅၀၀၊ ကြက်ဥတစ်လုံးလျှင် ၂၇၀ ကျပ်နှုန်းဖြင့် အလုံးရေ ၅၅၀၊ ဘဲဥတစ်လုံး လျှင် ၃၃၀ ကျပ်နှုန်းဖြင့် အလုံးရေ ၂၁၅၊ ဝက်သား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၅၀၊ အမဲသား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ တီလားဗီးယား တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ၅ ပိဿာ၊ ငါးမုတ် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ၅ ပိဿာ၊ ငါးတန် တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ၅ ပိဿာ၊  ငါးအုံတုံ တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ၅ ပိဿာ၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် ၆၀၀၀ ကျပ်နှုန်းဖြင့် ၅ ပိဿာ၊ ငါးကြင်းဖြူ(မန္တလေး) တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၅ ပိဿာ၊  ကြက်သား တစ်ပိဿာလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ ဆိတ်သား တစ်ပိဿာလျှင် ၁၈၀၀၀ ကျပ်နှုန်းဖြင့် ၂၀ ပိဿာ၊ ဘူးသီးတစ်လုံးလျှင် ၈၀၀ ကျပ်နှုန်းဖြင့် အလုံး ၁၀၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် ၁၀၀၀ ကျပ်နှုန်းဖြင့် ၃၀ ထုပ်၊ ဂေါ်ရခါးသီး တစ်လုံးလျှင် ၂၅၀ ကျပ်ဖြင့် ၅၀ လုံး၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၈၀၀ ကျပ်ဖြင့် ၂၀ ပိဿာ၊ အာလူး တစ်ပိဿာလျှင် ၂၂၀၀ ကျပ်နှုန်းဖြင့် အထုပ် ၁၀ တို့အား ပြင်ပပေါက်စျေးများထက် ၂၀ ကျပ်မှ ၆၀၀၀ ကျပ်အတွင်း အထူးသက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်