Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
May 17,2024
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာတတ်လူငယ်များနှင့် လူ့စွမ်းအားအရင်းအမြစ်များ လိုအပ်သည်နှင့်အညီ ရပ်ကွက်/ကျေးရွာ ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များရှင်သန်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကို မေလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီက ပြင်ဦးလွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက်ရှိ စကားဝါမူကြိုကျောင်းတွင်ကျန်းမာရေး ရက်သတ္တပတ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းဆောင်ရွက်
May 17,2024
မူကြိုကလေးငယ်များ ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ ပညာကောင်းမွန်စွာ သင်ယူနိုင်စေရန်၊ အနာဂါတ်အတွက် အားထားရသည့် သားသမီးရတနာများ ဖြစ်နိုင်ကြစေရန်ရည်ရွယ်၍ ကျောင်းကျန်းမာရေး ရက်သတ္တပတ်စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်၊ စကားဝါမူကြိုကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တံခါးမြို့နယ်၌ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန် သတိပေးနှိုးဆော်၍ ပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
May 17,2024
ပဲခူးတိုင်းဒေကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးကြိုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က ဖဒိုမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် သတိပေးနှိုးဆော်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
May 17,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အလုပ်သမားဥပဒေစစ်ဆေးရေးဌာနတို့ပူးပေါင်း၍ မြို့မဈေးရှေ့နှင့်ဈေးအတွင်း၌ မီးဘေး၊ လေပြင်းဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ် ဆန္ဒညီငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
May 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ဆန္ဒညီငွေစု၊ ငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လက်ပံတန်းမြို့နယ်တွင် နွေစပါးမျိုးစေ့ထုတ်စံပြကွက် ဓာတ်မြေဩဇာကြဲခြင်းအား ကြည့်ရှုအားပေး
May 17,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့် ခရိုင်အဆင့်ဌာနဆိုင်ရာများသည် ယနေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါး BS-CS မျိုးစေ့ထုတ် စံပြကွက်စိုက်ခင်းအား ဓာတ်မြေဩဇာကြဲပက်ခြင်းကို ကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့မှူးမြို့တွင် ဌာနဆိုင်ရာများ၊ ရပ်/ကျေးစာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
May 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက တောင်ပိုင်းရပ်ကွက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ပြီးမြောက်အောင်မြင်ခြင်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ
May 17,2024
ပညာရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၃ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲအချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
4855
Page
4856
Page
4857
Page
4858
Current page
4859
Page
4860
Page
4861
Page
4862
Page
4863
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department