ကြံခင်းမြို့နယ်အတွင်းရှိ လူထုဖြန့်ပျိုးဥယျာဉ်ဘိနယ်(၇)ခုတွင် ပျိုးပင်ပေါင်း (၁၂၀၀၀၀) ပျိုးထောင်ထားရှိ

ကြံခင်း မေ ၁၆

သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီတွင် သစ်တောစိုက်ခင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းရန်၊ သဘာဝသစ်တော တိုးမြှင့်စိုက်ပျိုးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်၊ မျှတသောရာသီဥတုရရှိစေရန်နှင့် အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး လူထုဖြန့်ပျိုးဥယျာဉ်ဘိနယ်(၇)ခုတွင် ပျိုးပင်ပေါင်း(၁၂၀၀၀၀) ပျိုးထောင် ထားရှိကြောင်း ယနေ့နံနက်ပိုင်းက မြို့နယ်သစ်တောဦးစီးအရာရှိ ဦးမျိုးမင်းထွန်းထံက သိရသည်။

ကြံခင်းမြို့နယ်အတွင်းရှိ လူထုဖြန့် ပျိုးဥယျာဉ်ဘိနယ်(၇)ခုဖြစ်သော မြို့မဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၂၀၀၀၀)ပင်၊ သစ်ဆိမ့်ကိုင်းဘိနယ်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၂စ၀၀၀)ပင်၊ ကံဆယ်ဘိနယ်ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၁၀၀၀၀)ပင်၊ ကြို့ပင်စုဘိနယ်ပျိုးဥယျာဉ်တွင်(၂၀၀၀၀)ပင်၊ ပိုးစုကြီးဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၂၀၀၀၀)ပင်နှင့် ဆိပ်သာဘိနယ် ပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၁၀၀၀၀)ပင်၊ ဘက်ရဲဘိနယ်ပျိုးဥယျာဉ်တွင်ပျိုးပင်ပေါင်း(၂၀၀၀၀)ပင် ပျိုး ထောင်ထားရှိကြောင်း သိရသည်။

အဆိုပါဘိနယ်များတွင် ပျိုးထောင်ထားရှိသော ပျိုးပင်များမှာ ကျွန်း(၃၅၀၀၀)၊ မန်ဂျန်ရှား(၂၀၀၀၀)၊ မဟော်ဂနီ(၅၀၀၀)၊ ပျဉ်းကတိုး(၅၀၀၀)၊ ယူကလစ်(၂၀၀၀၀)၊ ကံ့ကော်(၁၀၀၀)၊ ခရေ(၁၀၀၀)၊ ပိတောက်(၁၀၀၀၀)၊ ရေတမာ(၁၀၀၀)၊ ဗံဒါ(၁၀၀၀)၊ ယမနေ(၂၀၀၀၀)၊ စိန်ပန်းလေး(၁၀၀၀) စုစုပေါင်း (၁၂၀၀၀၀)ပျိုး ထောင်ထားရှိပြီး၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများ၊ ကျောင်းများတွင် စိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာနမှ (အခမဲ့)ထုတ်ပေးလျှက်ရှိပြီး၊ ဇွန်လ(၁)ရက်နေ့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများလက်ဝယ်အရောက်(အခမဲ့) ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)