ပုလောမြို့နယ်၌ (၁၃၈၆)ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ညောင်ရေသွန်းလှူဒါန်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး

ပုလော မေ ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ (၁၃၈၆)ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)တွင် ညောင်ရေသွန်းလှူဒါန်းပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၁၀နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက (၁၃၈၆)ခုနှစ် ကဆုန်လပြည့်နေ့ (ဗုဒ္ဓဟူးနေ့)၌ ပုလောမြို့ အရှေ့ကျောင်းတိုက် ဗောဓိညောင်ပင်တွင် ညောင်ရေသွန်းလှူဒါန်းပူဇော်ပွဲကို ရိုးရာအစဉ်အလာမပျက် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ညောင်ရေသွန်းလှူဒါန်းပူဇော်ပွဲ ကျင်းပပြုလုပ်မည့်အစီအမံများ၊ ဧည့်ခံကျွေးမွေးမည့်အစီအစဉ်များနှင့် ကြိုဆိုနေရာချရေးကို ကော်မတီအသီးသီးရှိ ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ညှိနှိုင်းဆွေးနွေးခဲ့ကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                                        

အေးအေးမော်(ပုလော)