လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင် ပြသ

လိပ်သို မေ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက်ပိုင်းက “အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး” အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဖြစ် သတ်မှတ်နိုင်သည့်အချက်များ၊ အကြမ်းဖက်ခံရမှုအပေါ် ကာကွယ်ပေးသောဉပဒေများ၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ အကြမ်းဖက်မှုတိုင်းအတွက် အကြမ်းဖက်သူမှာသာတာဝန်ရှိပါသည် စသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်သော အကြောင်းအရာများပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်ကို ပြသဆောင်ရွက်ထားရာ ကျောင်းသား/ ကျောင်းသူများနှင့် ဒေသနေပြည်သူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားရေးဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ Talk Show အစီအစဉ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)