အမြို့မြို့အနယ်နယ်သတင်းများ

Jul 07,2021
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jul 07,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ချောင်းသာမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီဌာန အစည်း အဝေးခန်းမ ၌ ကျင်းပခဲ့သည်။
Jul 07,2021
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်၇နာရီက ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ ၂၆လမ်းနှင့် ၈၆လမ်းထောင့်၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jul 07,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး တာဝန်ရှိသူများက Quarantine Center ပြင်ဆင်ထားရှိမှုကို ယနေ့နံနက် ၈ နာရီအချိန်၌ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ယနေ့တွင်လည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ ၁၂ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
Jul 07,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်း လတ်တလောကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်တိုက်ဖျက် ကုသရေးတွင် အသုံးပြုနိုင်ရန်အတွက် အလှူရှင်များမှ မြို့နယ် ပြည်သူ့ဆေးရုံသို့ အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ မွန်းလွဲ(၂)နာရီခွဲခန့်က အင်းသားစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးရေးအသင်းရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရ သည်။
Jul 07,2021
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု့ရောဂါ တတိယလှိုင်းအသွင် စတင် ဖြစ်ပွား နေပြီဟု သုံးသပ်ရပြီး မျိုးရိုးဗီဇပြောင်းလဲလာသော ရောဂါပိုး (ကူးစက်ပိုး) ဝင်ရောက်ပြန့်နှံ့မှု ရှိနေခြင်းကြောင်း ဓာတ်ခွဲစမ်းသပ် အတည်ပြုချက်များအရ သိရှိရသဖြင့် ရောဂါ ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း လုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ဆောင်ရွက်သွားရန် ရည်ရွယ်၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စီမံ အုပ်ချုပ်ရေးကောင်စီ၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့်တာဝန်ရှိသူများပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။
Jul 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ဇူလိုင်လ ၄ ရက်က ကိုဗစ်-၁၉ ပိုးတွေ့လူနာဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်(၂)နေ၊ မြို့နယ်သစ်တောဦးစီးဌာနမှ လူနာသည် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။