ဇလွန် မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ဓနုဘေးကျေးရွာ အောင်တမန်စာကြည့်တိုက်တွင် ယမန်နေ့နံနက် ၁၀ နာရီတွင် ဓနုဘေးကျေးရွာ စာပေချစ်မြတ်နိုးသူများနှင့် ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ်ပါ လူငယ်တို့၏ အနာဂတ် မပျက်စီးရေး နိုင်ငံတော်က အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များ ရရှိလာစေရန်၊ စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာပေဗဟုသုတများ ရရှိလာစေရန် ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိူ ရှင်းလင်းကြားခဲ့ပြီး ဓနုဘေးကျေးရွာ စာပေချစ်မြတ်နိုးသူများက လူငယ်တို့၏အနာဂတ် မပျက်စီးရေး နိုင်ငံတော်က အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခေါင်းစဥ်မှ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေး၊ ပညာသင်အရွယ်ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ယူမှု၊ လူငယ်တို့၏ ပညာရေးခရီးလမ်း ဖြောင့်တန်းရေး ၊ လူငယ်တို့၏ အနာဂတ် မပျက်စီးရေးတို့အတွက် နိုင်ငံတော်က အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ပေးမှုအပေါ် နှစ်ထောင်းအားရစွာကြိုဆိုသည့် အကြောင်းအရာများကို ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးတို့ဖြင့် အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြသည်။
ဝေယံ - ဇလွန် ( ပြန် /ဆက် )