Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း ကျောက်မဲခရိုင်အတွင်း ဆောင်ရွက်နေသည့် ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Sep 25,2021
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ကျောက်မဲမြို့ပေါ်၌ Clean & Green Cities ရန်ပုံငွေများဖြင့် ဆောင်ရွက်နေသည့် ကတ္တရာလမ်းခင်းခြင်း၊ ရေမြောင်းတူးဖေါ်ခြင်း၊ ပလက်ဖောင်းတည်ဆောက်ခြင်းနှင့် မြို့အဝင်မုခ်ဦး တည်ဆောက်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးတို့ကလုပ်ငန်းများနှင့် ပတ်သက် ၍ရှင်းလင်း ပြောကြားရာတွင် Clean & Green Cities ရန်ပုံငွေကျပ် ၄၈၀ သန်းဖြင့် စပ်စံထွန်းလမ်း အရှည် ၁၈၉၂ ပေရှိ ရေမြောင်း နှင့် ပလက်ဖေါင်း ပြုလုပ်ခြင်း၊ စပ်စံထွန်းလမ်းအရှည် ၂၈၄ ပေ× လမ်းအကျယ် ၄၀ ပေရှိ ကတ္တရာလမ်းခင်းခြင်း၊ မြို့အဝင် မုခ်ဦးတည်ဆောက်ခြင်း၊ အောင်ဆန်းလမ်း အရှည် ၃၅၀၀ ပေရှိ ကွန်ကရစ်ရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းများကို တင်ဒါအောင်မြင်ခဲ့သည့် ရွှေရည်သဇင်ဖြိုးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ရှစ်ဦး ဆေးရုံဆင်းခွင့်ရသဖြင့် ဆေးရုံဆင်းသူပေါင်း ၂၈၆ ဦးအထိရှိလာ
Sep 25,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈ ဦး တွေ့ရှိပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ရှစ်ဦးအား ဆေးရုံဆင်းခွင့်ပြုခဲ့ရာ ယခုအခါ ဆေးရုံဆင်းသူပေါင်း ၂၈၆ ဦးအထိ ရှိလာ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့တွင် တောင်သူများအား ဟင်းသီး ဟင်းရွက် မျိုးစေ့ထောက်ပံ့ပေးအပ်
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အိမ်ခြံဝင်း၊ ဥယျာဉ် (Home Garden) စိုက်ပျိုးရန် တောင်သူများအား ဟင်းသီး ဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူရုံး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စံပြကျေးရွာ၌ သစ်စိမ်းမြေဩဇာကျွေးခြင်းနှင့် အသိပညာ ပေးခြင်းလုပ်ငန်းဆောင်ရွက်
Sep 25,2021
ဟိုပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာကျွေးခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၃ရက်နေ့ ညနေ(၃)နာရီအချိန်က စံပြကျေးရွာရှိ တောင်သူ ဦးအိုက်လင်း၏ ကွင်းပြင်ပ (၁) ဧကတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့နယ်၌ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၃၁၅၄၁ ဦးရှိ
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်စေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ထားသောဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၃၁၅၄၁ ဦးရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် သရက်အုပ်နှင့် ငါးခူရ(ဘင်္ဂါလီ) ကျေးရွာများရှိ အသက်(၄၅)နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Sep 25,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်နှင့် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာများရှိ အသက်(၄၅)နှစ်နှင့် အထက် ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ အဆိုပါကျေးရွာရှိ စုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခန္တီးမြို့နယ်အတွင်းရှိ တောင်သူများအား စွမ်းဆောင်ရည် မြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲ ပြုလုပ်
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် တောင်သူများအား စွမ်းဆောင်ရည်မြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ အသက် (၅၅) နှစ်အထက် လူကြီးများနှင့် Hotel & Motel များ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြ…
Sep 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အတွင်းရှိ အသက်(၅၅)နှစ်အထက် လူကြီးမိဘများနှင့် Hotel & Motel များ၊ စားသောက်ဆိုင်များရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးပေးခြင်း ကို နံနက် ၉ နာရီအချိန်က စတင်၍ ချောင်းသာမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြ ကြောင်း သိရှိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းအဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နားနေစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဆေးစစ်ခြင်းလုပ်ငန်းများ လုပ်ဆောင်ပြီးမှ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25415
Page
25416
Page
25417
Page
25418
Current page
25419
Page
25420
Page
25421
Page
25422
Page
25423
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department