ခန္တီး စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ယမန်နေ့ မွန်းလွဲ (၁)နာရီအချိန်က အိမ်ခြံဝင်း၊ ဥယျာဉ် (Home Garden) စိုက်ပျိုးရန် တောင်သူများအား ဟင်းသီး ဟင်းရွက်မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူရုံး၌ ပြုလုပ်ခဲ့ သည်။
အခမ်းအနားတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က မြန်မာနိုင်ငံ၏ စိုက်ပျိုးမှု ပတ်ဝန်းကျင် (Agroecological Zone) များအရ သီးနှံအမယ်စုံ စိုက်ပျိုးရေးဆိုင်ရာ စာတမ်းအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာ သည့် ကျေးရွာအုပ်စု(၉)အုပ်စုမှ တောင်သူများအား မိမိတို့အိမ်ခြံဝင်းအတွင်း စိုက်ပျိုးရန် ခရမ်းသီး၊ သခွား၊ ကြက်ဟင်းခါး၊ နှံနှံပင်၊ ကိုက်လံ၊ ရုံးပတီ စသည့် စားပင်သီးနှံမျိုးစေ့ (၁၂)မျိုး အား အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရ သည်။
ဒီဇိုင်း(ရတနာမြေ)