အမြို့မြို့အနယ်နယ်သတင်းများ

Sep 19,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်းက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့သည့်ငွေများကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ပွဲကျင်းပသည်။
Sep 19,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား နိုင်ငံတော်မှ စတုတ္ထအကြိမ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ်(၂၀,၀၀၀)နှုန်းကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အသီးသီးတွင် ပေးဝေလျက်ရှိကြောင်း သိရှိရသည်။
Sep 19,2020
ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စီးပွားရေးကုစားမှုအနေဖြင့် နိုင်ငံတော်အစို့းရက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် (၂၀၀၀၀) ကျပ်နှုန်း ထောက်ပံ့ပေးသော ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ညနေပိုင်းက အလုံအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 19,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် စင်္ကာပူနိုင်ငံမှ လာရောက်သည့် MV.AKAGISAN သင်္ဘောပေါ်မှ သင်္ဘောသား(၁၇)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် M.T CHEMOCEAN ORION သင်္ဘောပေါ်မှ သင်္ဘောသား(၁၄)ဦး၊ အိန္ဒိယနိုင်ငံမှ လာရောက်သည့် MV EARTH OCEAN သင်္ဘောပေါ်မှ သင်္ဘောသား(၃)ဦး၊ တရုတ်နိုင်ငံမှ လာရောက်သည့် MV SEA HERO သင်္ဘောပေါ်မှ သင်္ဘောသား(၁၀)ဦး၊ စုစုပေါင်း သင်္ဘောလေးစီး ပေါ်မှ သင်္ဘောသား (၄၄)ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။