ဟိုပန် စက်တင်ဘာ ၂၅
ဟိုပန်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သစ်စိမ်းမြေဩဇာကျွေးခြင်းနှင့် စိုက်ပျိုးရေးအသိပညာပေးခြင်းလုပ်ငန်းကို စက်တင်ဘာ ၂၃ရက်နေ့ ညနေ(၃)နာရီအချိန်က စံပြကျေးရွာရှိ တောင်သူ ဦးအိုက်လင်း၏ ကွင်းပြင်ပ (၁) ဧကတွင် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးကျော်၏ ကြီးကြပ်မှုဖြင့် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးလှမိုးကျော်က ပိုက်ဆံလျှော်ပင်စိုက်ပျိုး၍ သစ်စိမ်းမြေ ဩဇာပြုလုပ်ရခြင်း၏အကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးချိုလေးက သစ်စိမ်းမြေဩဇာပြုလုပ်ပုံ၊ သစ်စိမ်းမြေဩဇာအသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု နှင့် မြေဆီလွှာထိခိုက်ပျက်စီးမှုတို့ကိုတားဆီးနိုင်ခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှု လျော့ချနိုင်ခြင်းကြောင့် ငွေကုန်ကြေးကျသက်သာကာ တောင်သူများအတွက် အကျိုးများသဖြင့် သစ်စိမ်းမြေဩဇာ ပြုလုပ် သည့် ပိုက်ဆံလျှော်ပင်ကို မဖြစ်မနေစိုက်ပျိုးရန်အကြံပြု တိုက်တွန်းလိုကြောင်း အသိပညာပေးရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် သက်ဆိုင်ရာစိုက်ပျိုးရေးတာဝန်ခံများက တောင်သူများအား ပြောင်း၊ ပိုက်ဆံလျှော်ပင်မျိုးစေ့၊ တမာပိုးသတ်ဆေးနှင့် မြေဩဇာများကို ပေးအပ်ခဲ့ပြီး ပိုက်ဆံလျှော်ပင် မျိုးစေ့များအား ပတ်ကြဲစိုက်ပျိုးပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)