Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကရင်ပြည်နယ်ဝန်ကြီးချုပ်မှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ကတ်များကို ကျေးလက်နေပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်
Sep 22,2021
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၁နာရီခွဲအချိန်က ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ ပရိယတ္တိစာသင်တိုက် ဓမ္မာရုံ၌ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် ဆောင်ရွက်ရန် ကျန်ရှိသည့် ကော့ဘိန်းကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများအား One Stop Shopဖြင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ပြုလုပ်နေမှုများကို ကြည့်ရှုအားပေး ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒလမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ပေး
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ရရှိစေရေးအတွက် ရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲ တာကြီးရပ်ကွက်ရှိ လာဘမုနိပြည်လုံး ချမ်းသာဆုတောင်းပြည့်စေတီတော်ရှိ ဓမ္မာရုံ၌ ရပ်ကွက်နေပြည်သူများကို ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၆၅)နှစ်အထက်နှင့် အသက်(၅၅)နှစ်အထက် အသက်အရွယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အတွက် အသက် ၆၅ နှစ်နှင့်အထက် ဘိုးဘွားများ၊ အစိုးရ/ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အကျဉ်းသူ/ သားများ လူမျိုးဘာသာမရွေး ဦးစားပေး အစီအစဉ်အလိုက် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယမန်နေ့အထိ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၇၈၈၇) ဦး ထိုးနှံပြီးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်တွင် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လူဦးရေ(၉၀၃၇)ဦးအထိ ထိုးနှံပြီးစီး
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် နိုင်ရန်အတွက် တတိယအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင် ဘာလ(၁၈)ရက်နေ့မှ စတင်ကာ အသက်(၅၅)နှစ်အထက် ပြည်သူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်း လူအုပ်စုများနှင့် ယာယီစခန်းမှ ပြည်သူ လူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့နံနက်ပိုင်း က လှိုင်းဘွဲမြို့ အောင်ဆန်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို ကရင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကျော်စွာမြင့်က လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Sep 22,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့လှူဒါန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ စားရေးသောက်ရေးခက်ခဲသော ပြည်သူများထံသို့ ဝေငှထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်၌ မြို့နယ်အမျိုးသမီးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်အမျိုးသမီး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Sep 22,2021
လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်ကြစို့ နိုင်ငံသားတိုင်း ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုး ရရှိစေရေးအတွက် ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးအောင်မှ ကြီးကြပ်၍ မိုးမိတ်မြို့နယ်ဦးစီးမှူး ဦးနေလင်းအေးနှင့် ဝန်ထမ်း များက ယနေ့ နံနက် ၉ နာရီအချိန်က လက်ခုတ်တန်း ရပ်ကွက် မြို့မနှစ်ချင်းကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ အသက် (၅၅) နှစ်အထက်ပြည်သူများနှင့် အသက်(၁၈)နှစ်အထက် မသန်စွမ်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို အလယ်ပိုင်းရပ်ကွက် ပြည်လုံး ချမ်းသာသာသနာ့ဗိမာန်တွင် ယနေ့ နံနက် ၉ နာရီက စတင်ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25419
Page
25420
Page
25421
Page
25422
Current page
25423
Page
25424
Page
25425
Page
25426
Page
25427
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department