မောင်တော စက်တင်ဘာ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သရက်အုပ်နှင့် ငါးခူရ(ဘင်္ဂါလီ)ကျေးရွာများရှိ အသက်(၄၅)နှစ်နှင့် အထက် ပြည်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ အဆိုပါကျေးရွာရှိ စုရပ်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းများကောက်ယူခြင်း၊ ကျန်းမာရေးဝန်ထမ်းများအားက လာရောက်ထိုးနှံသည့် အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောက်ရွက်ပေးလျက်ရှိသည်။
မောင်တောမြို့နယ် သရက်အုပ်(ဘင်္ဂါလီ)ကျေးရွာရှိ အသက်(၄၅)နှစ်နှင့်အထက် ပြည်သူ (၁၂၀)ဦးနှင့် ငါးခူရ (ဘင်္ဂါလီ)ကျေးရွာရှိ အသက် (၄၅) နှစ်နှင့်အထက် ပြည်သူ (၁၂၀)ဦး စုစုပေါင်း လူဦးရေ ၂၄၀ ဦးအား ကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီးကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဝေလ(မောင်တော)