ခန္တီး စက်တင်ဘာ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင်၊ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးတွင် တောင်သူများအား စွမ်းဆောင်ရည်မြှင့်တင်ရေး ပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်က ပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်ပိုးမွှားတာဝန်ခံနှင့် ခရိုင်မြေအသုံးချရေး တာဝန်ခံတို့မှ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းများ၊ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာ အချိုးကျရောစပ်အသုံးပြုရေး၊ ရွက်ဖျန်းမြေဩဇာများ အသုံးပြုရေးတို့နှင့် ပတ်သက်၍ ပညာပေးရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
အဆိုပါ ပညာပေးဆွေးနွေးပွဲသို့ ကျေးရွာအုပ်စု(၉)အုပ်စုမှ တောင်သူ(၂၀)ဦး တက်ရောက်ခဲ့ ကြကြောင်း သိရသည်။
ဒီဇိုင်း(ရတနာမြေ)