Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး(အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိ
Sep 21,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘူတာတွင် ရန်ကုန်-မန္တလေး (အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွား ပြည်သူ (၅)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး စနစ်တကျစိစစ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရှားပါးပင်လယ်လိပ်တစ်ကောင် ပြန်လည်လွှတ်ပေး
Sep 21,2020
ကော့သောင်းမြို့တွင် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများရိုက်ခတ်သဖြင့် လေးမိုင်ကမ်းခြေသို့သောင်တင်လာသည့် ရှားပါးပင်လယ်လိပ်တစ်ကောင်အား ပင်လယ်အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ ပြလို့မြင့်ချောင်းရေတိုက်စားမှုကြောင့် လူနေအိမ်နှင့် ကျေးရွာချင်းဆက် မြေသားလမ်းပျက်စီး
Sep 21,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်၌ ယမန်နေ့နံနက်ပိုင်း(၁)နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်နှင့် ကျေးရွာချင်းဆက် မြေသားလမ်းအရှည် (၂၀၀) ပေ၊ အကျယ်(၃၀) ပေ ပျက်စီးမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းဦးဆောင်၍ သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများသို့ Thermal Scanner များပေးအပ်
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး ၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနမှ ပေးအပ်သော Thermal Scanner များ ပြန်လည်ပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာတွင် ဒီရေရိုက်ခတ်မှုကြောင့် နေအိမ်(၁) လုံးရေစီးနှင့်အတူ မျှော ပါသွား
Sep 21,2020
ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ၊ အေးသီတာပိုင်းတွင် ယမန်နေ့ နံနက်(၅) နာရီခွဲ အချိန်ခန့်က ပင်လယ်ဒီရေရိုက်ခတ် မှုကြောင့် နေအိမ်(၁)လုံးနှင့် အိပ်ပျော်နေသူ(၃)ဦး ဒီရေနှင့်အတူ မျှောပါပျောက်ဆုံးသွားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့၌ ထောက်ပံ့ကြေး မရရှိသေးသည့် မသန်စွမ်းသူ (ထပ်တိုး) များအား ထောက်ပံ့ငွေပေးအပ်
Sep 21,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေး မရရှိသေးသော မသန်စွမ်းသူ (ထပ်တိုး) များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ (၃) နာရီခန့်က နတ်မောက်မြို့ ရွှေပန်းတော ကျေးရွာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က အိမ်တိုင်ရာရောက် လိုက်လံ ထောက်ပံ့ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ နှာခေါင်းစည်း (Mask) များ အခမဲ့ပေးဝေ
Sep 21,2020
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်စေရေး လူတိုင်းက နှာခေါင်းစည်း (Mask)များ တပ်ဆင်သွားလာကြစေရန်အတွက် အောင်မြေသာစံမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူး၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်း၍ နှာခေါင်းစည်း (Msak) များ အခမဲ့ပေးဝေခြင်းကို ယနေ့နံနက် ၇ နာရီခွဲကစတင်၍ အောင်မြေသာစံမြို့နယ်၊ အမရဌာနီ အရှေ့ရပ်ကွက် ၁၂ လမ်းနှင့် ၇၆ လမ်းထောင့် ကျုံးဘေး၌ ပြုလုပ်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါလေမြိုင်မြို့ရှိ ဝင်းဝင်းမြိုင်တံတားတွင် ပိတ်ဆို့လျက်ရှိသော သစ်ပင်သစ်ကိုင်းခြုံနွယ်များအား စုပေါင်းဖယ်ရှား ရှင်းလင်း
Sep 21,2020
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိုပိချောင်းမှ တောင်ကျရေများ စီးဆင်းလာ၍ မြဝတီ-ဝေါလေမြိုင် ကားလမ်းမပေါ်တွင်တည်ရှိသော ဝင်းဝင်းမြိုင်တံတားတွင် သစ်ပင်သစ်ကိုင်း ခြုံနွယ်များ ပိတ်ဆို့လျက်ရှိနေသောကြောင့် ယမန်နေ့နံနက်ပိုင်းက စုပေါင်းဖယ်ရှားရှင်းလင်း ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25413
Page
25414
Page
25415
Page
25416
Current page
25417
Page
25418
Page
25419
Page
25420
Page
25421
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department