အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2021
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လွိုင်ကော်မြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ချိကယ်ကျေးရွာအုပ်စုနှင့် လွိုင်လင်လေးမြို့တို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင်ကြီးတန်းကျေးရွာ၊ ဂေါ်ဒူကျေးရွာ၊ ခတ္တာကျွန်းကျေးရွာများရှိ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍ ကိုဗစ်- ၁၉ ကာကွယ်ဆေး ပထမအကြိမ်အဖြစ် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Sep 25,2021
မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းကျင် သန့်ရှင်းသာယာ‌ရေးအတွက် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့ နံနက်တွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်တွင် လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်တားဆီးရေးနှင့် ကူးစက်မှုမရှိစေရေး အတွက် အပြင်ထွက်သည့် အခါတိုင်း နှာခေါင်းစည်း Mask များကိုမဖြစ်မနေတပ်ဆင်သွားလာရေး အသိပညာပေးခြင်း MaskCampaign ပြုလုပ်ပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို စက်တင်ဘာ ၂၄ ရက် နေ့လည်ကမင်းပြားမြို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး စုရပ် ပြည်သူ့ဆေးရုံနှင့်ရာမောင်ခန်းမနေရာများ၌ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကျဆင်းလာ ပြီဖြစ်သဖြင့် စည်ပင်သာယာရေး ဌာနပိုင် မြို့မစျေးနှင့် (၅)ရက် တစ်စျေး များဖြစ်သော ပင်ခွန်စျေး၊ နောင်ဝိုးစျေး၊ ဆောင်းပြောင်း စျေး၊ ထီယွန်းစျေးတို့အား သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ စက်တင်ဘာ၂၅ ရက်မှ စတင်ဖွင့်လှစ် ရောင်းချခွင့်ပြု သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။
Sep 25,2021
မြန်နိုင်ငံဆောက်လုပ်ရေး လုပ်ငန်းရှင်များဆိုင်ရာ အသင်းချုပ်(ရန်ကုန်မြို့)မှ ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ သက်ကြီးရွယ်အိုများအား ကိုယ်ခံအား ကောင်းမွန်ကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအား ကာကွယ်နိုင်ရေးအတွက် သောက်သုံးနိုင်ရန်လှူဒါန်းသည့် (အမေရိကန်နိုင်ငံ) ကိုယ်ခံအားမြှင့်ဆေးရည် Vitamin D-3 ဆေးရည်များအား ယမန်နေ့တွင် ငပလီမြို့ ပရဟိတ လူမှုရေးအဖွဲ့မှ အလှူရှင်များ ကိုယ်စားသက်ဆိုင်ရာ ကျေးရွာတာဝန်ခံများသို့ ဖြန့်ဝေပေးခဲ့ ကြောင်းသိရှိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းမြစိုးလိုင်နှင့်ဝန်ထမ်းများသည် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော "ပန်းခင်း စီမံချက်”အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အတွက်အသိပညာပေးလက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က မြို့မဈေး၊ မိုးနဲ-လင်းခေးလမ်းမနှင့် လမ်းဆုံနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ပြည်သူများ၊ ဦးစားပေးအုပ်စုတွင် ပါဝင်သည့် ပြညသူများအား စက်တင်ဘာ ၁၆ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ်(ပထမအကြိမ်) စတင်ထိုးနှံပေးရာ ယမန်နေ့ အထိ ​ပြည်သူ(​၄၈၂၅)ဦးအား ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။