အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်စာသင်တိုက် များမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ဆားနှင့် ပဲများ လှူဒါန်းပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ အသက်(၁၈)ပြည့်ပြီး နိုင်ငံသားကတ် မပြုလုပ်ရသေးသူများအတွက် နိုင်ငံသားကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Sep 25,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥ စားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ အ‌ရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊‌ သံသုမာလမ်း၊ မြင်သာသာ‌ဈေးရှေ့နေရာတွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများ ပူးပေါင်း၍ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်ချုပ်နိုင်ရေးနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေးညှိနိုင်း အစည်းအဝေး ကို ယမန်နေ့နံနက် ၁၀နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
Sep 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြ သည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃)မူလွန်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Sep 25,2021
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့‌ နေ့လည် (၂)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
Sep 25,2021
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (IDPs) များတွင် ခိုလှုံနေကြသည့် ပြည်သူများ၊ ကျေးရွာများတွင် နေထိုင်ကြသည့် ပြည်သူများ၊ ငါးဖမ်း စက်လှေပိုင်ရှင်များ၊ ငါးဖမ်းစက်လှေများတွင် လုပ်ဆောင်နေကြသည့် ရေလုပ်သားများ အား ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဘုမေကျေးရွာအုပ်စု ဒါးပိုင် နယ်မြေရဲကင်း စခန်း၌ စစ်ဆေး လျက်ရှိသည်။
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး မုံရွာမြို့နယ်အတွင်းရှိ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် အသက်(၅၅)နှစ်အထက် ပြည်သူ(၁၁၇၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) အဖြစ် ယမန်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ သတ်မှတ်နေရာ (၄)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။