အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်‌-၁၉ ရောဂါကာကွယ်ဆေးအား ယနေ့ နံနက်(၁၀)နာရီတွင် အမာမြို့ အ.ထ.ကကျောင်း၌ ကျန်းမာရေးဝန်ထမ်းများက ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Sep 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်၁၉-ရောဂါဆိုးကြီးသည်လျှင်မြန်စွာ ကူးစက်ပျံ့ပွား လျက်ရှိပြီး နေ့စဉ် ရောဂါကူးစက်မှုများဖြစ်ပေါ်လျက်ရှိသောကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကိုလျော့နည်း စေပြီးထိရောက်စွာ ကုသ ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်ပြည်သူ့သို့ အသိပေးပန်ကြားချက်များကို ယနေ့ နံနက်(၈) နာရီအချိန်က ကာကွယ်ဆေးထိုးနှံရန် စုရပ်ဖြစ်သည့် ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကရင် ၊ မြန်မာနှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ ကြောင်းသိရသည်။
Sep 22,2021
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ၊ ကျိုင်းတုံမြို့မှ မိုင်းပျဉ်းမြို့ရှိ ထေရဝါဒဗုဒ္ဓသာသာနာပြု ဗဟိုကျောင်းတိုက် ဘုန်းတော်ကြီးသင် အခြေခံပညာ မူလတန်းကျောင်း၊ စာသင်ဆောင်နှင့် နှစ်ထပ် အိပ်ဆောင်အပြီး သတ်ဆောက်လုပ်ရန် အလှူငွေ(၁၆၆)သိန်းကျော်နှင့် ဆန်၊ ဆီ၊ ကုလားပဲများအား ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်သို့ လာရောက်ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် နာရေးကူညီမှုအသင်းတို့ပူးပေါင်း၍ ယနေ့ နံနက် ပိုင်းအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအသိပညာပေး နှိုးဆော် ချက်များကိုအသံချဲ့ စက်ဖြင့် လိုက်လံဆောင်ရွက်နေကြောင်း သိရသည်။
Sep 22,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးစပါးသီးနှံဧက (၁၄၃၇၇) ကျော် လျာထား စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်ထံမှ သိရသည်။
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာရှိ အသက်(၅၅)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်(First Dose) ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်တွင် အ.ထ.ကကျောင်းခွဲ သဇင်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်းသိရသည်။
Sep 22,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ကာကွယ်ဆေး ထိုးနှံ ပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေ အလိုက် သတ်မှတ်နေရာ များတွင် စက်တင်ဘာ (၂၀)ရက်နေ့မှစ၍ နေ့စဉ် နံနက် ၉နာရီမှ ၁၁နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
Sep 22,2021
ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မိဘပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် အချက်များကို Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိသည်။