Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လောက်ကျန့်ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အခမဲ့ကွင်းဆင်းစစ်ဆေးရာ ပိုးတွေ့လူနာ (၁၇)ဦးတွေ့ရှိ
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ လောက်ကျန့်ကျေးရွာနေ ဒေသခံတိုင်းရင်းသားပြည်သူများထံသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ပိုး ရှှိ/မရှိ အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျေးရွာအရောက် ထောက်ပံ့ငွေ များ သွားရောက်ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားအား ဒုတိယအသုတ်(ဒုတိယနေ့) ထိုးနှံပေးလျက်ရှိ
Sep 25,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm 1/ 5dose(BIBP) အမျိုးအစားကို သံတွဲမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်နှင့် အထက် ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စုတွင် ပါဝင်သူများအား ထိုးနှံပေးခြင်း ကို ယမန်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ ၃၀ အချိန်အထိ စတင်၍ ဒွါရာဝတီမြို့နယ်ခန်းမနှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာန ဆေးထိုးစင်တာ(၁၀)ခုတွင် ဒုတိယအသုတ် (ဒုတိယနေ့) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မင်းလှမြိုနယ်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆွမ်းဆန်၊ ဆီ၊ ဆားနှင့် ပဲများလှူဒါန်း
Sep 25,2021
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်စာသင်တိုက် များမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ဆားနှင့် ပဲများ လှူဒါန်းပေးခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်မြို့တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" လက်ကမ်းစာစောင်များဖြန့်ဝေ
Sep 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ အသက်(၁၈)ပြည့်ပြီး နိုင်ငံသားကတ် မပြုလုပ်ရသေးသူများအတွက် နိုင်ငံသားကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် သက်သာသောစျေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များကို ဈေးကားများဖြင့် လှည့်လည်ရောင်းချ
Sep 25,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရန်နှင့် အဓိက စားသောက်ကုန်များကို သက်သာသော စျေးနှုန်းများဖြင့် ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ဆန်၊ ဆီ၊ ကြက်ဥ စားသောက်ကုန်ပစ္စည်းများ လှည့်လည်ရောင်းချခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅) ရပ်ကွက်၊ သံသုမာလမ်း၊ မြင်သာသာဈေးရှေ့နေရာတွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်း၏ အစီအစဉ်ဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ဝန်ထမ်းများ ပူးပေါင်း၍ လာရောက် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်ချုပ်နိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး ညှိနိုင်းဆွေးနွေး
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်ချုပ်နိုင်ရေးနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေးညှိနိုင်း အစည်းအဝေး ကို ယမန်နေ့နံနက် ၁၀နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်းမြို့နယ်၌ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Sep 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြ သည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိ အ.မ.က(၃)မူလွန်ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက် ထိုးနှံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25412
Page
25413
Page
25414
Page
25415
Current page
25416
Page
25417
Page
25418
Page
25419
Page
25420
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department