အမြို့မြို့အနယ်နယ်သတင်းများ

Sep 22,2021
နေပြည်တော်၊ ဥတ္တရခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။
Sep 22,2021
ကိုဗစ် - ၁၉ ကာလတွင် စျေးကွက်အတွင်း ကာကွယ်၊ ကုသရေး၊ ဆေးဝါး၊ ဆေးပစ္စည်းများနှင့် အထောက်အကူပြု ပစ္စည်းများ သင့်တင့်သော စျေးနှုန်းမှန်ဖြင့် ရောင်းချနိုင်ရေး သတ်မှတ်အရည်အသွေးနှင့် စျေးနှုန်းမှန်ကန် စေရေးတို့အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ က ထားဝယ်မြို့အတွင်း ဆေးဆိုင်များအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။
Sep 22,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပေးပို့လှူဒါန်းသည့် ဆွမ်း၊ ဆန်စိမ်းများကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကိုယ်စား ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာ များမှ ယနေ့နံနက် ၁၀ နာရီက ကျိုက်ဒုံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း (၅) ကျောင်း၊ ကျေးရွာ များရှိ ဘုန်ကြီး ကျောင်း (၃၀) ကျောင်းအတွက် ဆွမ်း၊ ဆန်စိမ်းများ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိပြည်တော်သာလမ်းမအား တိုင်းဒေသကြီးအထွေ ထွေပိုလျှံငွေ(GRF)ဖြင့် လမ်းဘေးဝဲယာကွန်ကရစ်တိုးချဲ့ခင်းခြင်းကိုယမန်နေ့က စတင်ဆောင်ရွက် လျှက် ရှိကြောင်း သိရသည်။
Sep 22,2021
နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးအဆင့်လိုက် ပြည်သူများအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးထိုးအဖွဲ့၊တပ်ကုန်းတပ်နယ်မှ ဆေးထိုးအဖွဲ့တို့ဖြင့် ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ဖြစ် သတ္တမရက်ထိုးနှံခြင်းကို စက်တင်ဘာ ၂၂ရက် နံနက်ပိုင်းက တပ်ကုန်းမြို့၊အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းနှင့် ရွှေမြို့ကျေးရွာအုပ်စုရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ဝန်းတို့၌ ကာကွယ်ဆေးထိုးစုရပ်တွင် ထိုးနှံပေးကြောင်း သိရသည်။
Sep 22,2021
ဧရာဝတီ တိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့် ပွားမှုကိုလျော့နည်းစေပြီး ထိရောက် စွာကုသထိန်းချုပ်ကာကွယ်နိုင်ရေး ရည်ရွယ်၍ ယမန်နေ့ ညနေက ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် လှည့်လည်ကြော်ငြာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sep 22,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသက်(၅၅)နှစ်အထက်၊ နာတာရှည် / မကူး စက်နိုင် သော ရောဂါဝေဒနာရှင်များ၊ မသန်စွမ်းသူများနှင့် EAO အဖွဲ့ဝင်များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဝေါလေမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးသည်။
Sep 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်နန်းပီးနှင့်ဝန်ထမ်းများက ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဟမ်းစပီကာဖြင့် အသိပညာပေးနှိုးဆော်ခြင်းကို ဟော်နန်းရပ်ကွက်အတွင်းသို့လှည့်လည်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။