ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ မင်းလှမြိုနယ်အတွင်းရှိ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆွမ်းဆန်၊ ဆီ၊ ဆားနှင့် ပဲများလှူဒါန်း

မင်းလှ စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် သီလရှင်စာသင်တိုက် များမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ဆားနှင့် ပဲများ လှူဒါန်းပေးခြင်းကို   ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆက်ကပ်လှူဒါန်းသည့် ဆွမ်းဆန်၊ ဆီ၊ ဆားနှင့် ပဲများတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များက ဝေဠုဝန်ဘုန်းတော်ကြီးကျောင်းတွင် ရွှေကျင်ဂိုဏ်းဘုန်းတော်ကြီးကျောင်း (၁၃) ကျောင်းမှ ရဟန်း၊ သာမဏေ(၈၄)ပါးအတွက် လှူဒါန်းပေးခဲ့ သည်။

ဆက်လက်၍ မိုးလ်ကျ‌ဘုန်းတော်ကြီးကျောင်းတိုက်တွင် သုဓမ္မာဂိုဏ်းဘုန်းတော်ကြီးကျောင်း (၁၆၅) ကျောင်းမှ ရဟန်း၊ သာမဏေ (၇၃၀)ပါးနှင့် မြို့နယ်အတွင်းရှိသီလရှင် (၁၀၆)ပါးတို့အတွက် လှူဒါန်း ပေးခဲ့သည်။

မင်းလှမြိုနယ်အတွင်းရှိ ရွှေကျင်ဂိုဏ်းနှင့် သုဓမ္မာဂိုဏ်းမှ ရဟန်း၊ သာမဏေနှင့် သီလရှင်များ စုစုပေါင်း (၉၂၀)ပါးတို့အတွက် ဆွမ်းဆန်(၁၈၄)အိတ်၊ ဆီ(၄၆၀)ပိသာ၊ ဆား(၄၆၀)ပိသာ၊ ပဲ(၄၆၀)ပိသာ စုစုပေါင်း ကျသင့်ငွေ (၉၀၆၂၀၀၀) ကျပ်ကို လှူဒါန်ပေးပြီး ဆရာတော်များက ရေစက်သွန်းချ အမျှအတန်းပေးဝေ ခဲ့ကြောင်း သိရသည်။

ပေါက်စ မင်းလှ