မိုင်းဖြတ် စက်တင်ဘာ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်ချုပ်နိုင်ရေးနှင့်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေးညှိနိုင်း အစည်းအဝေး ကို ယမန်နေ့နံနက် ၁၀နာရီခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်က မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု နေ့စဉ်တိုးမြှင့်နေသဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို တိုးမြှင့်၍ ပူးပေါင်း ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးအတွက် တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ်ရန်၊ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအနေဖြင့်လည်း မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း မရှိစေရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့်စည်းကမ်းချက်များ၊ ဒေန္တရထုတ်ပြန်ချက်များကို အလေးထားလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ရန်၊ မြို့နယ်အတွင်း ရှိကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများအား အသက်အရွယ်အလိုက် အုပ်စု ( A, B, C, D )ဟူ၍ ၄ အုပ်စုခွဲပြီး ဆေးထိုးနှံရန် စုရပ် ၁၄ နေရာ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊စာရေးများ ၊တာဝန်ရှိ သူများမှဆေးထိုးနှံမည့်သူစာရင်းများကို စနစ်တကျကောက်ခံပြုစု တင်ပြနိုင်ရေးနှင့် ကြိုတင်အသိ ပေးနှိုးဆော်ပေးရန် ရှင်းလင်းမှာကြားသည်။ ထိုနောက် အထက်တန်းသူနာပြု (အဆင့်-၁)ဒေါ်နန်းတစ်က စက်တင်ဘာ ၂၅ ရက်နေ့မှ ၂၇ ရက်ရက်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး(ဆီနိုဖန်း)များကို ဒုတိယအသုတ် ပထမအကြိမ်ကို MCH ပါဆန်း(Main) ၊ ဝမ်လုံး(SC) ၊ဝမ်ယန်း(SC) ၊ တောညု(SC)၊ဘူးဖါ(SC) ၊ မိုင်းဟဲ(ဘိုရှီး )(Main)၊ ညောင်ပင်သာ(မိုင်းတင်း ) (SC) ၊နမ့်လန်း(SC) ၊နမ့်နန်း(SC) ၊နမ့်ပန(SC) ၊ဆိုင်ဆတ်(SC) ၊နမ့်ယွန်း(SC) ဆွပ်ပလောင်း(SC) စသည့် ကျေးရွာများရှိ ဆေးထိုးနှံမည့်စုရပ် ၁၄ ခုတွင် ဖြန့်ပြီးဆေးထိုးနှံပေးမည်ဖြစ်ကြောင်း၊ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ သိရှိလို သောအချက်များ၊ လိုအပ်ချက်များကို အကြံပြုတင်ပြဆွေးနွေးကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ် Coronavirus Disiease 2019( COVID-၁၉) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ရှိဌာနဆိုင်ရာများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အုပ်စုစာရေးများ တက်ရောက်ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ ဆက် )