နမ္မတူ စက်တင်ဘာ ၂၅
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား အခြေခံစားသောက်ကုန် (၄)မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လည် (၂)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ထောက်ပံပေးအပ်ရာတွင် နမ္မတူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းမှ ဝန်ထမ်းတစ်ဦးလျှင် ဆန် (၂)ပြည်နှင့် ဘဲဥ (၁၀)လုံး၊ အာလူး (၁)ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာနှုန်းဖြင့် စုစုပေါင်းဝန်ထမ်း (၄၆)ဦးတို့အတွက် ဆန် (၉၂)ပြည်နှင့် ဘဲဥ (၄၆၀)လုံး၊ အာလူး (၄၆)ပိဿာနှင့် ကြက်သွန်နီ (၄၆) ပိဿာအား ဝန်ထမ်းများလက်ဝယ်အရောက် ထောက်ပံပေးအပ် ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)