မုံရွာမြို့နယ်အတွင်းရှိ အသက်(၅၅)နှစ်အထက် ပြည်သူ(၆၈၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်)ထိုးနှံပေး

မုံရွာ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး မုံရွာမြို့နယ်အတွင်းရှိ သတ်မှတ်ဦးစားပေး အုပ်စုအလိုက် အသက်(၅၅)နှစ်အထက် ပြည်သူ(၁၁၇၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ် (ပထမအကြိမ်) အဖြစ် ယမန်နေ့ နံနက်(၉)နာရီမှ နေ့လယ်(၁)နာရီအထိ သတ်မှတ်နေရာ (၄)ခုတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ ထိုးနှံ ပေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူထံမှ သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)များ ဒုတိယအသုတ် (ပထမအကြိမ်) စနစ်တကျ ထိုးနံပေးနေမှုများနှင့် စပ်လျဉ်း၍ မုံရွာမြို့နယ်အနေဖြင့် တက္ကသိုလ်ဓမ္မာရုံတွင်၊ ကျား(၄၄)ဦး၊ မ(၆၁)ဦး၊ ပေါင်း(၁၀၅)ဦး၊ မုံရွာတောင်ရပ်ကွက်၊ အမက(၂၉)တွင် ကျား(၁၀၀)ဦး၊ မ(၁၃၅)ဦး၊ ပေါင်း(၂၃၅)ဦး၊  ရွှေစည်းခုံဘုရား သာသနာ့ဗိမ္မာန်တွင် ကျား(၉၀)ဦး၊ မ(၁၃၀)ဦး၊ ပေါင်း(၂၂၀)ဦး၊ အထက(၂)တွင် ကျား(၄၁)ဦး၊ မ(၇၉)ဦး၊ ပေါင်း(၁၂၀)ဦး စသည့် သတ်မှတ်အုပ်စု ဦးစားပေးအလိုက် နေရာ(၄)နေရာမှ ကျား(၂၇၅)ဦး၊ မ(၄၀၅)ဦး၊ ပြည်သူပေါင်း(၆၈၀)ဦးတို့အား  ထိုးနှံပေးလျက်ရှိပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် တာဝန်ရှိသူများက အဆိုပါ နေရာများသို့ လှည့်လည်ကြည်ရှုအားပေးခဲ့၍ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့နယ်တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  လုံးဝမထိုးရသေးသည့်  ပြည်သူ (၁၀၂၅၉၀)ဦးအား  စက်တင်ဘာလ(၁၆)ရက်နေ့မှ စတင်ပြီး  ဒီဇင်ဘာလကုန်အထိ  ထိုးနှံပေး သွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံပေးရာတွင် အုပ်စု(က)တွင် ပါဝင်သည့် ကျန်ရှိနေသော အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများ၊   အသက်(၅၅)နှစ်မှ (၆၄)နှစ်အုပ်စု၊  မသန်စွမ်းသူများ၊  Ethnic Armed Organization (EAOs)များ၊  ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများအားလည်းကောင်း၊ အုပ်စု(ခ)တွင် ပါဝင်သည့် အသက် (၄၅)မှ (၅၄)နှစ်အုပ်စု များကို အောက်တိုဘာ(၁ဝ)ရက်နေ့တွင် လည်းကောင်း၊ အုပ်စု(ဂ)တွင်ပါဝင်သည့် အသက်(၄ဝ)နှစ်မှ (၄၄)နှစ်အထိအုပ်စုကို  နိုဝင်ဘာ(၁၁)ရက်နေ့တွင်လည်းကောင်း အသီးသီးထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ  ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှ သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)