မြောင်မြို့တွင် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" လက်ကမ်းစာစောင်များဖြန့်ဝေ

မြောင် စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်အတွင်းရှိ အသက်(၁၈)ပြည့်ပြီး နိုင်ငံသားကတ် မပြုလုပ်ရသေးသူများအတွက် နိုင်ငံသား ကတ်များ ကိုင်ဆောင်ခွင့်ရရှိနိုင်ရန် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်သော "လူမှုဝပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ဆောင်ပုဒ်ပါ လက်ကမ်းစာစောင်များကို နံနက်(၉)နာရီအချိန်က မြို့တော်ခန်းမရှေ့၌ လက်ကမ်းစာစောင်(၃၀၀)ကျော်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ထွန်း နှင့် ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဆွေနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)