အမြို့မြို့အနယ်နယ်သတင်းများ

Sep 25,2021
တောင်ငူခရိုင် ရေတာရှည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ကဲလင်းကုန်း​ကျေးရွာဘုန်​တော်ကြီး​ကျောင်း ဓမ္မာရုံ၌ ပြုလုပ်ပေးခဲ့သည်။
Sep 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတ​နော်မြို့နယ် ဘုရားချောင်းကျေးရွာအုပ်စု၊ မအူချောင်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ကိုင်းပဲ့ကျရာ အနီးရှိနေအိမ်( ၁)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အမှတ်(၁)ရပ်ကွက်၊ ခလရ(၁၄၉)တပ် အတွင်း နေထိုင်လျက်ရှိသည့် အသက်ပြည့်မီပြီး ကိုင်ဆောင်လက်မှတ် မရှိသူများနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများအား စက်တင်ဘာ ၂၄ ရက်နေ့က တပ်တွင်းခန်းမ ဆောင်တွင် ဆောင်ရွက်​ပေးခဲ့ကြောင်း သိရသည်။
Sep 25,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ဦးတည်အုပ်စုများအလိုက် ထပ်မံတိုးချဲ့၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
Sep 25,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံ၌လိုအပ်လျက်ရှိသော ဆေးရုံသုံး ပစ္စည်းများဖြစ်သည့် Vaccum Machine စက်နှင့် Baby Warmer စက် နှင့်လိပ်သိုမြို့တိုက်နယ်ဆေးရုံအတွက် 5-KVA Genertor စက် လှူဒါန်းမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်က မြို့နယ်ဆရာဝန်ဒေါက်တာကျော်ကျော်လင်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများကို ယနေ့ နံနက် ၉ နာရီက စတင်ပြီး ဆေးထိုး စုရပ်(၄)နေရာခွဲ၍ ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 25,2021
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၇)ကြိမ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့ နံနက်ပိုင်းတွင် သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး စိုးဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ စုပေါင်း၍ သံတွဲခရိုင်ဆေးရုံဝန်းအတွင်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနသည် သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်သော ကျေးရွာများ ပေါ်ထွက်လာစေရန်နှင့် ကျေးရွာလူနေမှုဘဝများ အဆင့်မြင့်မားတိုးတက်လာစေရန်ရည်ရွယ်၍ အစိမ်းရောင် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။