အမြို့မြို့အနယ်နယ်သတင်းများ

Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာဗန္ဓုလလမ်းတွင် ယနေ့နံနက် ၀၅ နာရီ ၄၅ မိနစ်အချိန်ခန့်က နေအိမ်တစ်လုံး မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
Sep 21,2020
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးရွာနှစ်ရွာ တွင် ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ၁၉.၆၉ သန်းဖြင့် မြေသားရေကန် တူးဖော်ပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Sep 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် သမဝါယမဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း ဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံသမဝါယမအသင်း ဝန်ထမ်းများအား စားသောက် ကုန်ပစ္စည်းများနှင့် နှာခေါင်းစည်းများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံး အစည်းအဝေးခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 21,2020
ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် Lock down သတ်မှတ်ခံရသည့် နေရာ၊ အိမ်၊ တိုက်ခန်းများရှိ မိသားစုဝင်များကို ယမန်နေ့က သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ)နေဘုန်းလတ်၊ အမှတ်(၂)တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ထိုက်နှင့်ကော်မတီဝင်များ၊ We Love Yangon (Thingangyun) မှ အဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်အတွင်း Lockdown သတ်မှတ်ခံရသည့် နေရာ၊ အိမ်၊ တိုက်ခန်းများရှိ မိသားစုဝင်များကို သွားရောက် အားပေးစကားပြောကြားခဲ့ပြီး ဆန်၊ ဆီ၊ ကုလားပဲ၊ လက်ဖက်၊ ရေသန့်ဘူးနှင့် Mask များအား ကူညီထောက်ပံ့ပေးခဲ့ကြ‌သည်။
Sep 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ တင်းချောင်းကျေးရွာအုပ်စု၊ သစ်တိုပင် ကျေးရွာ၊ မြစ်တစ်ရာသစ်တောကြိုးဝိုင်း၊ လုပ်ကွက်အမှတ် ၈၉ တွင် ယမန်နေ့နံနက် ၁ နာရီခွဲခန့်က တောဆင်ရိုင်းများ ဝင်ရောက် ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
Sep 21,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်မှပေးလွှတ်သော လျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါးဧက၁၄၇ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ကျောက်ကူးလျှပ်စစ်မြစ်ရေတင်တာဝန်ခံ ဦးလှမင်းထက်(ဦးစီးအရာရှိ)က ပြောကြားသည်။