လမ်းမတော်မြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာ အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

ငပုတောမြို့နယ် တောင်ကလေးကျေးရွာ အုပ်စုမယ်သီလကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု၊ မယ်သီလကျေးရွာတောင်ကလေးနယ်မြေစခန်းနှင့် (၁) မိုင်ခွဲ ခန့်ကွာဝေးသော ပိုင်ရှင် ဦးဇေယျာပြည့် (ဘ) ဦးကျားခင်စိန်၏ (၂၀x၂၀ပေ)၊ သွပ်မိုး၊ အုတ်ညှပ် ကွန်ကရစ်ခင်းလမ်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ တောင်ကလေး နယ်မြေမီးသတ်စခန်းသို့ ဖုန်းဖြင့်အကြောင်း ကြားလာပါသဖြင့် မီးသတ်တပ်ကြပ်ကြီး ဦးယဉ်ထွေးဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးတို့က အပေါ့စားမီးသတ်စက်ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဈေးများမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တာဝန်ရှိသူများက လိုက်လံကြည့်ရှုစစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာ‌တောင်ညွန့်မြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးကဦးဆောင်၍ တာဝန်ရှိသူများဖြင့် ယ‌မန်နေ့နံနက် (၁၀) နာရီအချိန်က လိုက်လံကြည်ရှုစစ်ဆေးခဲ့သည်။

မြင်းမူမြို့၊ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြင်းမူမြို့၊ မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

သာကေတမြို့နယ်၌ ယာဥ်မောင်းနေစဥ် ဖုန်းအသုံးမပြုရ ကမ်ပိန်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ယာဥ်မောင်းနေစဥ် ဖုန်းအသုံးမပြုရကမ်ပိန်းကို ယမန်နေ့နံနက်ပိုင်းက သာကေတအဝိုင်းထိပ်တွင် ပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ် ညောင်တုန်းမြို့နယ်ရှိ ကျေးလက်လမ်းတံတားလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)တို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူ တည်ဆောက်သည့် သောင်တန်း-မောင်းစု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မောင်းစုချောင်းတံတား တည်ဆောက်‌ရေးလုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့ကို မှာကြားခဲ့သည်။

ဖျာပုံမြို့နယ်တွင် မဟာကမ္မဋ္ဌာနစရိယနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်ရရှိတော်မူကြသော ဆရာတော်ကြီးများအား ခရီးဦးကြိုဆို ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သာသနာတော်ဆိုင်ရာ မဟာကမ္မဋ္ဌာနစရိယနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူကြသော ဆရာတော်ကြီးများအား ခရီးဦးကြိုဆို ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံမြို့၌ ကျင်းပသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းများ (အခမဲ့) ဖွင့်လှစ်ပေးသွားမည်

နွေရာသီအားလပ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်/လူရွယ်များအချိန်ကိုအကျိုးရှိစွာအသုံးချခြင်းဖြင့် အသိပညာ၊ အတက်ပညာများပိုမိုရရှိပြီးပညာရေးတွင်သာမက လုပ်ငန်းခွန်များတွင်လည်း အထောက်အကူကောင်းများရရှိစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာစေရန်ရည်ရွယ်၍ ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာ 4 Skills သင်တန်းများ ကို မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မတ်လ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောင်မွန်းမြို့နယ်၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြား

ပူတာအိုခရိုင်၊ နောင်မွန်းမြို့တွင် ကျောင်းပိတ်ရာသီကို အကျိုးရှိရှိအသုံးပြုကာ ကျောင်းသား‌၊ ကျောင်းသူများ အင်္ဂလိပ်စာကို စနစ်တကျ‌ ရေးတတ်ဖတ်တတ်လာ‌စေရန်နှင့် အင်္ဂလိပ်စကားပြော စွမ်းရည်မြှင့်မားလာစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို မတ်လ ၄ ရက်နေ့မှ စတင်၍ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း( အခမဲ့) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် နွေရာသီ‌ကျောင်းပိတ်ရက် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ ကို မတ် (၃) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Subscribe to