ဒဂုံမြောက် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် နွေရာသီကျောင်းပိတ်ရက် အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့) သင်တန်းဖွင့်ပွဲ ကို မတ် (၃) ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလကို မတ်လ ၃ ရက်နေ့မှ ၁၀ ရက်နေ့ထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ဦးစီးမှူးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့တက်ရောက်သင်ကြားရသည့် ဘာသာရပ်များအပေါ် အလေးထားတန်ဖိုးထား သင်ယူရန်လိုအပ်ကြောင်း၊ ဆရာ၏သင်ကြားမှုများအား တတ်မြောက်အောင် ကြိုးစားအောင်သင်ယူကြရန်လိုကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူ ၃၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်ရီ