မရမ်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့)ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ကျောင်းသား၊‌ ကျောင်းသူလူငယ်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(အခမဲ့)ကို ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် နွေရာသီအခြေခံအားကစားနည်းခြောက်မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အ‌ရှေ့ပိုင်း)မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားနည်းခြောက်မျိုး အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်၌ ဆန်စက်၊ ဆီစက်များ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နေပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ပေါက်ခေါင်းမြို့နယ်မီးသတ်ဦးစီးဌာ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ ရပ်ကွက်၊ ကျေးရွာများအတွင်းရှိ ဆန်စက်များ၊ ဆီစက်များနှင့် အသေးစားအကြီးစား စက်မှုလက်မှု လုပ်ငန်းများသို့သွားရောက်ပြီး မီးဘေးလုံခြုံစိတ်ချရမှုရှိ/ မရှိနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်ထားရှိမှုရှိ/ မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်မှ သာသနာတော်ဆိုင်ရာ “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသော မင်္ဂလာဒုံမြို့နယ်၊ ပညာတံခွန်ကျောင်းတိုက်ဆရာတော်ကြီးအား ဂုဏ်ပြုကြိုဆိုပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ ရတနာလမ်းရှိ ပညာတံခွန်ကျောင်းတိုက်ဆရာတော်ကြီးအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရမှ “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းရာ (၇)ရက်သားသမီး တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ မတ်လ (၃)ရက် နေ့လယ်ပိုင်းက ဂုဏ်ပြုကြိုဆို‌ရေးယာဉ်တန်းဖြင့် ကြိုဆိုခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အင်္ဂလိပ်စာ (Basic Grammer) သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ Basic Grammer အင်္ဂလိပ်စာအခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီသင်တန်း (အခမဲ့) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ်၌ လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မတ် ၃ ရက်နေ့က ဖွင့်လှစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၃ ရက်နေ့မှစတင်ကာ အောင်ဇေယျဘက်စုံအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရွှေပြည်သာမြို့နယ်၌ နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မောက်မယ်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ်အား ကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီးအရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဆက်လက်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အသိပညာဗဟိုသုတတိုးပွားရေး၊ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဆက်လက်သင်ကြားခဲ့သည်။
Subscribe to