မင်္ဂလာတောင်ညွန့် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ ဈေးများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူးကဦးဆောင်၍ တာဝန်ရှိသူများဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်က လိုက်လံကြည်ရှုစစ်ဆေးခဲ့သည်။
အဆိုပါဈေးများဖြစ်သည့် သပြေကုန်းရပ်ကွက်၊ စက်ရုံလမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေးသစ်၊ မင်္ဂလာဈေး (ယာယီ) နှင့် ရွှေပြည့်စုံဈေးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဝင်းစိန်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ၊ ဈေးတာဝန်ခံများဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်ဝါယာကြိုးများနှင့် ပစ္စည်းများ၊ စျေးအတွင်းအသင့်ထားရှိသော မီးသတ်ပစ္စည်းများ အသင့်အသုံးပြုနိုင်ရေး ဆောင်ရွက်ထားရှိမှုများ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်း၊ 191 Report Application အသုံးပြု၍ မီးသတ်ဦးစီးဌာနသို့ သတင်းပို့သည့်စနစ်အား ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး(ပြန်/ဆက်)