နောင်မွန်း မတ် ၅
ပူတာအိုခရိုင်၊ နောင်မွန်းမြို့တွင် ကျောင်းပိတ်ရာသီကို အကျိုးရှိရှိအသုံးပြုကာ ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာကို စနစ်တကျ ရေးတတ်ဖတ်တတ်လာစေရန်နှင့် အင်္ဂလိပ်စကားပြော စွမ်းရည်မြှင့်မားလာစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းကို မတ်လ ၄ ရက်နေ့မှ စတင်၍ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါသင်တန်းတွင် Grade-9 မှ Grade-12 အထိ သင်တန်းသားများကို လက်ခံသင်ကြားမည်ဖြစ်ကာ သင်တန်းနည်းပြဆရာမြို့နယ်တရားသူကြီး ဦးအေးချမ်းလင်းက စာအရေးအသားနှင့် စကားပြောဘာသာရပ်၊ အခြေခံအင်္ဂလိပ်သဒ္ဒါနှင့် Twelve kinds of tenses ဘာသာရပ်များကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၄ ရက်မှ မေလ ၂၅ ရက် အထိဖြစ်ရာ သင်တန်းတက်ရောက်လိုသူများ လာရောက်အမည်စာရင်းသွင်းကာ အခမဲ့တက်ရောက်နိုင်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)