စစ်ကိုင်း မတ် ၅
မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့တို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြင်းမူမြို့၊ မြို့မစျေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြင်းမူမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးနှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုမဖြစ်ပေါ်စေရေး၊ မီးလောင်မှုဖြစ်ပွားပါက မြန်မြန်သိ၍ မြန်မြန်ငြှိမ်းသတ်နိုင်ရေးဆောင်ရွက်ထားရှိမှု၊ ထိရောက်လျင်မြန်စွာ မီးငြှိမ်းသတ်ရေးစနစ်များထပ်မံဖြည့်တင်းတပ်ဆင်နိုင်ရေး၊ ဆက်သွယ်ရေးစနစ်များကောင်းမွန်စေရေး၊ လောင်စာသိုလှောင်ထားရှိမှု၊ ဝင်လမ်းထွက်လမ်းများကောင်းမွန်စေရေး၊ အရေးပေါ်ရေလုံလောက်စွာရရှိစေရေး၊ ဈေးများအတွင်း မီးဖိုမီးအသုံးပြုမှုမရှိစေရေး စစ်ဆေးခဲ့ပြီး စျေးသူ၊ စျေးသားများအား အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ 191 Report application အား တွင်တွင်ကျယ်ကျယ် အသုံးပြုတတ်စေရေးအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေလင်းအောင်