ကျိုင်းလပ်မြို့၌ မီးခိုးမြူငွေ့လျှော့ပါးစေရေးနှင့် လယ်ယာမြေဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၌ မီးခိုးမြူငွေ့လျှော့ပါးစေရေးနှင့် လယ်ယာမြေဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက နမ့်ခင်းအုပ်စု၊ ကျကကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။