ဒဂုံဆိပ်ကမ်းမြို့နယ်၌ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်းတို့မှ ကျောင်းပြင်ပပညာရေးကျောင်းများတွင် ဗလာစာအုပ်နှင့် သွားတိုက်တံများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ခလေးစောင့်ရှောက်မှုအသင်း၏ ကြီးကြပ်မှုဖြင့် အမှတ် (၅၈) ရပ်ကွက်၊ အမှတ်(၈) အလယ်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၂) မူလတန်း (လွန်) ကျောင်းတို့ရှိ ကျောင်းပြင်ပပညာရေးစခန်းတို့တွင် ယမန်နေ့နေ့လယ် ၂:၃၀ နာရီက ဗလာစာအုပ်နှင့် သွားတိုက်တံများ လှူဒါန်းခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။