ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် မြစ်ကြီးနားမြို့ ပန်းမြို့တော်စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိသည့် မြို့စိမ်းလန်းစိုပြည်သာယာလှပရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပရေးအတွက် ပန်းမြို့တော်စီမံကိန်းဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မတ်လ ၃ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။