ဖျာပုံ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် သာသနာတော်ဆိုင်ရာ မဟာကမ္မဋ္ဌာနစရိယနှင့် သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရရှိတော်မူကြသော ဆရာတော်ကြီးများအား ခရီးဦးကြိုဆို ပင့်ဆောင်လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်း အချိန်က ဖျာပုံမြို့၌ ကျင်းပသည်။
အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်၊ အမိန်ကြော်ငြာစာအမှတ် (၁ /၂၀၂၆) ဖြင့် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်မှသာသနာတော်ဆိုင်ရာ မဟာကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းခြင်းခံရသည့်ကမ္မန္တာကျေးရွာ စိတ္တသုခဓမ္မရိပ်သာကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒိနှင့် သဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းခြင်းခံရသည့် ကျုံကဒွန်းကျေးရွာ မင်္ဂလာကံဦးကျောင်းဆရာတော် ဘဒ္ဒန္တပဏ္ဍဝနှင့် ကြက်ဖမွေးဇောင်းကျေးရွာ ဗလသုခကျောင်း နာယကဆရာတော် ဘဒ္ဒန္တဝိတိဏ္ထဆရာတော်တို့အား ဖျာပုံမြို့ချောင်းတွင်းလမ်းမကြီးဖျာပုံ-ကျိုက်လတ် ကားလမ်းမကြီးမှ ဖျာပုံမြို့နယ်အတွင်းသို့ ခရီးဦးကြိုဆိုပင့်ဆောင် လှည့်လည်ပူဇော်ကြရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများမှ ကြိုဆိုကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ဖျာပုံခရိုင်ပြန်/ဆက်)