လိပ်သိုမြို့၌ “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့” အထိမ်းအမှတ် ပြိုင်ပွဲများပြုလုပ်

၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့” အထိမ်းအမှတ်အဖြစ် ကလေးငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏစွမ်းရည်များ တိုးတက်စေရန်အတွက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီက ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်သည်။

စဉ့်ကိုင်မြို့နယ်၌ အသက် ၉ လနှင့်အထက် အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး‌ထိုးနှံ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ  မြို့နယ်အတွင်းရှိ  အသက် ၉ လနှင့်အထက် အသက် ၁၅ နှစ်အောက် ကလေးငယ်များအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေး‌ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာရပ်ကွက်များရှိ စုရပ်အသီးသီး၌ ဆောင်ရွက်သည်။

မိတ္ထီလာတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီးစစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာတက္ကသိုလ်၌ ၂ဝ၂၅-၂ဝ၂၆ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား၊ အမျိုးသမီး စစ်တုရင်ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကို  မတ် ၄ ရက် ညနေပိုင်းက အဆိုပါ တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။

ဝမ်းတွင်းမြို့နယ်ရှိ  တက္ကသိုလ်ဝင်တန်း စာစစ်ဌာနများ၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကွယ်ရေး အတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တက္ကသိုလ်ဝင်တန်းကျင်းပမည့် စာစစ်ဌာနများတွင် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌အခြေခံပန်းချီပညာသင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံပန်းချီပညာသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲက ဖွင့်လှစ်သည်။

ရန်ကင်းမြို့နယ်၌ နွေရာသီပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ‌ကျောင်းပိတ်ရက် ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ယနေ့တွင် ဆက်လက်သင်ကြား‌ပေးခဲ့သည်။

မိတ္ထီလာမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာဖြင့် နွေစပါး(ရေဆင်းပေါ်ဆန် - ၂)စိုက်ပျိုးသရုပ်ပြ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့်  နွေစပါး (ရေဆင်းပေါ်ဆန်း-၂ စိုက်ပျိုးခြင်းသရုပ်ပြပွဲကို မတ် ၅ ရက် နံနက် ၈ နာရီက မြာကျေးရွာအုပ်စု ရေဝေကျေးရွာရှိ ဦးပိုင်အမှတ် ၁၀၊ ကွင်းအမှတ် ၁၀၇၅ ရှိ တောင်သူ ဦးအောင်မောင်၏ စိုက်ဧက နှစ်ဧကတွင် ကျင်းပသည်။

မြိတ်မြို့  ပြည်သူ့ဆေးရုံတွင် မျက်စိလူနာများအတွက် ကွန်ပျူတာ မျက်စိရေချိန်တိုင်းကိရိယာ နှင့် ကင်ဆာရောဂါလူနာများအတွက် အလှူငွေပေးအပ်

တနင်္သာရီတိုင်းဒေသကြီး  မြိတ်မြို့ပြည်သူ့ဆေးရုံကြီးတွင်  မြိတ်ခရိုင် ကိုဗစ်-၁၉ ရန်ပုံငွေ ရှာဖွေစုဆောင်းရေးနှင့် ထောက်ပံ့ကူညီရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းကပြုလုပ်ခဲ့ကြပြီး မြိတ်ပြည်သူ့ဆေးရုံကြီး မျက်စိလူနာများအတွက် ကွန်ပျူတာမျက်စိရေချိန်တိုင်းကိရိယာ(NCT)စက်နှင့် ကင်ဆာရောဂါလူနာများအတွက် မတည်အလှူငွေများ လှူဒါန်းပေးအပ်ကြသည်။

ညောင်ဦးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား  ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင် မတ် ၅ ရက်၊နံနက် ၁၀ နာရီက ကျင်းပသည်။

အလုံမြို့နယ်၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

အလုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ လူငယ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက စာရေးဆရာမ မေဇွန်အေး ရေးသားသည့် “ကောင်းကင်ကိုဖွင့်မယ့်ကြယ်”  စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
Subscribe to