ငပုတော မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငပုတောမြို့နယ် တောင်ကလေးကျေးရွာအုပ်စု၊ မယ်သီလကျေးရွာတောင်ကလေးနယ်မြေစခန်းနှင့် (၁) မိုင်ခွဲ ခန့်ကွာဝေးသော ပိုင်ရှင် ဦးဇေယျာပြည့် (ဘ) ဦးကျားခင်စိန်၏ (၂၀x၂၀ပေ)၊ သွပ်မိုး၊ အုတ်ညှပ် ကွန်ကရစ်ခင်းလမ်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးမှ တောင်ကလေး နယ်မြေမီးသတ်စခန်းသို့ ဖုန်းဖြင့်အကြောင်း ကြားလာပါသဖြင့် မီးသတ်တပ်ကြပ်ကြီး ဦးယဉ်ထွေးဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၀) ဦးတို့က အပေါ့စားမီးသတ်စက်ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ဆိုင်ကယ်ဆီဖြည့်ရန် ပလတ်စတစ်ပုံးဖြင့် ဓာတ်ဆီဖလှယ်ရာမှ မီးလောင်မှုစတင်ဖြစ်ပွားခဲ့ပြီး ဦးဇေယျာပြည့် (ဘ) ကျားခင်စိန်းမှာ ကျောဘက်မီးလောင်၍ မစိုးရိမ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)