မြစ်ကြီးနား မတ် ၅
နွေရာသီအားလပ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံလူငယ်/လူရွယ်များအချိန်ကိုအကျိုးရှိစွာအသုံးချခြင်းဖြင့် အသိပညာ၊ အတက်ပညာများပိုမိုရရှိပြီးပညာရေးတွင်သာမက လုပ်ငန်းခွန်များတွင်လည်း အထောက်အကူကောင်းများရရှိစေရန်နှင့် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာစေရန်ရည်ရွယ်၍ ကွန်ပျူတာအခြေခံနှင့် အင်္ဂလိပ်စာ 4 Skills သင်တန်းများ ကို မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မတ်လ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းများကို မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဒေသခံကျွမ်းကျင်နည်းပြဆရာ/ဆရာမများနှင့် အတက်ပညာရှင်များက မတ်လ ၅ ရက် နေ့မှ ဧပြီလ ၃ ရက်နေ့ အထိ (၁) လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးသွား မည်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)