ညောင်တုန်း မတ် ၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်သည် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)၊ ခရိုင်လက်ထောက် ညွှန်ကြားရေးမှူး(မြို့ပြ)တို့နှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေး(ရုံးချုပ်)မှ တာဝန်ယူ တည်ဆောက်သည့် သောင်တန်း-မောင်းစု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မောင်းစုချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စံချိန်စံညွှန်း ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးရေးတို့ကို မှာကြားခဲ့သည်။
အဆိုပါ သောင်တန်း-မောင်းစု ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မောင်းစုချောင်းတံတားသည် အရှည် (၁၄၀) ပေရှိ ဘေလီတံတားအမျိုးအစားဖြစ်ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု (အထွေထွေပိုလျှံ) ရန်ပုံငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)