ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင် ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ကျပ် ၅၁၆၀ ဒသမ ၄၁၉ သန်း ဖြင့် မြေလမ်း ၂ မိုင်  ၆ ဖာလုံ၊ ကျောက်လမ်း ၂ မိုင်၊ ကွန်ကရစ်လမ်း ၁၀ မိုင် ၁ ဖာလုံ၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁ မိုင် ၄ ဖာလုံ၊ Box Culvert ၅ စင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုး ရေရရှိရေးလုပ်ငန်း ၂ ခု၊ ရေစင်လုပ်ငန်း ၁ ခု၊ ရေကန်လုပ်ငန်း ၁ ခု၊ ကျောက်ကြီးစီလုပ်ငန်း ၁ ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ပါသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် လွိုင်ကော်မြို့၊ ထေးငှားလျားရပ်ကွက်ရှိ မြေသားလမ်း ဖောက်လုပ်ပြီးစီးမှုနှင့် ထေးငှားလျားကန်နှင့် ကန်ပတ်ဝန်းကျင်တစ်လျှောက် ပြည်သူများ အနားယူအပန်းဖြေနိုင်ရေးဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို မတ် ၅ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

လှိုင်မြို့နယ်တွင် ဈေးများမီးလောင်မှု၊ မီးလန့်မှုများမဖြစ်စေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်အတွင်းရှိ ဈေးများမီးလောင်မှုနှင့် မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ (၄) ရက်နေ့ ညနေ (၅) နာရီအချိန်က လှိုင်ရတနာမွန်ဈေးနှင့် အုတ်ကျင်း‌ဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။

ရန်ကင်းမြို့နယ်၌ နွေရာသီကာတွန်းရေးဆွဲနည်း (အခမဲ့)သင်တန်း ဆက်လက်သင်ကြား

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် နွေရာသီ‌ကျောင်းပိတ်ရက် ကာတွန်းရေးဆွဲနည်း(အခမဲ့)သင်တန်းကို ယမန်နေ့နံနက် (၉:၃၀)မှ (၁၁:၀၀)အချိန်ထိ ဆက်လက်သင်ကြား‌ပေးခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ လေထုညစ်ညမ်းမှု လျှော့ချရေး အသိပညာပေး လှည့်လည်နှိုးဆော်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း‌၍ မြို့နယ်အတွင်းရှိ ပြည်သူများ လေထုညစ်ညမ်းမှု အန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန် ယမန်နေ့ညနေ ၄ နာရီက မြို့မရပ်ကွက်၊ ရန်နိုင်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တို့၌ လေထုညစ်ညမ်းမှု လျှော့ချရေး အသိပညာပေးလှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ် ကြည့်မြင်တိုင် မတ် ၅ ခိုင်ဇာလင်း(ပြန်/ဆက်)

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် အဆောက်အဦနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့်မလွတ်ကင်းသည့် ဆိပ်ကြီးအရှေ့ရပ်ကွက် တွံတေးတူးမြောင်းပိုင်မြေနေရှိ အဆောက်အဦနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်ခြင်းကို မတ်လ (၄) ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝမြေသြဇာအဖြစ် အသုံးပြုခြင်းဆိုင်ရာ လက်တွေ့ဆောင်ရွက်

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စွန့်ပစ်ပစ္စည်းများအား သဘာဝမြေသြဇာအဖြစ် အသုံးပြုခြင်းဆိုင်ရာ လက်တွေ့ဆောင်ရွက် ဒဂုံအရှေ့ မတ် ၅ ဇွဲမင်းထက်(ပြန်/ဆက်)
Subscribe to