ပင်းတယမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့် စာကြည့်တိုက်လုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်အသိပညာပေးဟောပြောပွဲ အခမ်းအနားနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ကြိုသက်) "ပညာ့ရောင်ခြည်"ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လွိုင်လင်ခရိုင်၊ သစ်တောဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက မိုင်းရှူးမြို့၊ နားစံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။

သန်လျင်မြို့ အ.မ.က(၁)မူလတန်း(လွန်)ကျောင်း၌ တိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် (အခမဲ့)ဆေးကုသပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းဦးဆောင်၍ ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် တိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲနှင့် ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

အင်းစိန်မြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ပညာတံခွန်ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလူငယ်စကားဝိုင်းနှင့် ဟော ပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲကို ယနေ့ နံနက်(၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြော၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၇၈) နှစ်‌မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပုံပြော၊ ကဗျာရွတ်၊ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ ကျင်းပသည်။

ကန့်ဘလူမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပိုစတာ၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်( ၅) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် (၁၀) နာရီခွဲက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ဆောင်ရွက်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်စာစောင်များပြသ

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်‌နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် (အကြို) အသိပညာ‌ပေး‌ဟော‌ပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ/ရသ စာအုပ်စာစောင်ပြပွဲတို့ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အ.မ.က (လက်ဝဲ)၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအသုံးပြုမှုမရှိစေရေး ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့၌ တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေးအတွက် လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ တရားမဝင်တင်သွင်းခြင်းနှင့်ရောင်းချခြင်း၊ မောင်းနှင်အသုံးပြုခြင်းမရှိစေရန် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် ယမန်နေ့ ညနေ ၄ နာရီက ဗလမင်းထင်လမ်းမတွင် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to