ဗိုလ်တထောင်ခရိုင်အတွင်းရှိ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။