မော်လမြိုင်ကျွန်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယနေ့နံနက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့်ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယနေ့နံနက်ပိုင်းက အကြမ်းဖက်ဖြစ်စဉ်များကြောင့်ရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ပံ့ပိုးငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။

ဟုမ္မလင်းမြို့တွင်မိခင်နှင့် ကလေး‌စောင့်ရှောက်ရေးအသင်းပိုင်၏၂၀၂၅-၂၀၂၆ပညာသင်နှစ်၊မူလတန်းကြိုကျောင်းဆင်းပွဲ နှင့်ပဒေသာကပွဲအခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့တွင်၊ မိခင်နှင့်ကလေး‌စောင့်ရှောက်ရေးအသင်းပိုင်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မူလတန်းကြိုကျောင်းဆင်းပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီအချိန်က ဟုမ္မလင်းမြို့မိခင်နှင့် ကလေး‌စောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်လုံးဆိုင်ရာ (သတ္တမအကြိမ်) ဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်၌ ဂိုဏ်းပေါင်းစုံသာသနပါလစာမေးပွဲအား သတ္တမအကြိမ်မြောက် ဖြေဆိုခြင်းအား ကျိုက္ကစံဆံတော်ရှင်စေတီရင်ပြင်တော်၌ ၂၀၂၆ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။

ပုဇွန်တောင်မြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးလုံခြုံရေးအတွက် ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းများ လိုက်လံဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ လူ‌နေရပ်ကွက်များ၌ ပြည်သူများ မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေးအတွက် ပရိတ်တရားရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ပရိယတ္တိသာသနာ့ပါလ စာမေးပွဲစတုတ္ထနေ့ဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့မဆွမ်းလောင်းအသင်းဓမ္မာရုံကြီးတွင် မတ်လ(၃)ရက်နေ့မှစတင်၍ နေ့လယ် (၁၂) နာရီမှ ညနေ (၃) နာရီအထိ (၄၆) ကြိမ်မြောက် မြို့နယ်ပရိယတ္တိသာသနာ့ပါလစာမေးပွဲ စတင်ကျင်းပဆောင်ရွက်ပြီး ယနေ့တွင် စတုတ္ထနေ့ ဘာသာအဖြစ် သုတ္ထန္တိကမာတိကာနှင့် ဓာတုကထာဘာသာများ ဖြေဆိုကြသည်။

မိတ္ထီလာမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်အသင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ကျောင်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မိခင်နှင့်ကလေးစောင့်ရှောက်အသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း ကျောင်းဆင်းပွဲအခမ်းအနားကို မတ် ၆ ရက် နံနက် ၉ နာရီခွဲက ပေါက်ချောင်းရပ်ကွက်ရှိ မူလတန်းကြိုကျောင်းတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော်၊သံဃာတော်များအား ဆွမ်း/ဆွမ်းဟင်းများလောင်းလှူပွဲ တက်ရောက်   

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းတိုက် ၂ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်းလောင်းလှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၄ ကျောင်းမှ သီလရှင်ဆရာကြီး/ ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို မတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်း ကျင်းပရာ

ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

ရန်ကုန်တိုင်း‌ဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ မီးလောင်မှုမဖြစ်ပွားစေရန် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယ‌နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဆောင်ရွက်ခဲ့သည်။

ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။
Subscribe to